Pages

Subscribe:

Ads 468x60px

Zawlin It World

Total Pageviews

Showing posts with label windowဆိုင်ရာ. Show all posts
Showing posts with label windowဆိုင်ရာ. Show all posts

Sunday, March 3, 2013

ကိုယ်ပိုင် -Laptop အသုံးပြုသူများလိုက်နာသင့်တဲ့အချက်လေးတွေ




 အပူချိန်မြင့်မားလာလျှင် ဘယ် electronic device တွေမှ ခံနိုင်မှု
မရှိပါဘူး။တချို့  သောLaptop တွေဟာ အထူနဲ့ ထုပ်လုပ်ပြီး တချို့  Laptop တွေကို ပါးလွှာအောင်
ထုတ်လုပ်ကြပါတယ်။အပူပိုင်းနိုင်ငံ အသုံးပြုမှုနဲ့ အအေးပိုင်းနိုင်ငံတွေ အသုံးပြုမှုဆိုပြီး
ကွဲပြားခြားနားမှုတွေရှိပါတယ်။ အထူပဲဖြစ်ဖြစ်၊ အပါးပဲဖြစ်ဖြစ်၊ အပူချိန်ညှိမှုကိုတော့ အားလုံး
လုပ်ထားပြီးသား ဖြစ်ပါတယ်။အထူးသဖြင့် ပန်ကာ (fan) တွေနဲ့ အောက်ဘက်၊ ဘေးဘက်တွေမှာ တပ် ထားပြီးဖြစ်ပါတယ်။ ဒါတွေကို

အသုံးပြုသူတွေဟာ သတိထားကြရပါတယ်။ ဒီ function တွေဟာ power management
တွေမှာပါဝင်ပါတယ်။ အဓိက အပူချိန်ကို ထိန်းဖို့ လုပ်ခြင်းဖြစ်ပါတယ်။


- Laptop တွေကို မျက်နှာပြင်ညီညာတဲ့ နေရာတွေမှာ အသုံးပြုပါ။ မျက်နှာပြင်
မညီညာတဲ့နေရာတွေမှာ အသုံးပြုပါက အောက်လက်မှာရှိတဲ့ လေဝင်လေထွက်ပေါက်တွေ ပိတ်ပြီး
အပူချိန် တက်ပါလိမ့်မယ်။- Laptop ဝယ်လာတဲ့အခါမှာ display screen နဲ့ keyboard ကြားမှာ ခံထားတဲ့
keyboardprotector တွေကို ဖယ်ရှားပြီး သုံးပါ။ အောက်ဘက်က fan တွေအတွက်
အပေါ်ဘက်ကနေပြီး လေဝင်၊လေထွက်တွေကို ပိတ်ထားသလိုဖြစ်နေပါလိမ့်မယ်။

- Laptop fan တွေရဲ့ ဆူညံသံကို နားထောင်ပါ။ Rpm မြင့်လာလေ အသံကျယ် လာလေ
ပါပဲ။ Rpm
ဘာကြောင့် မြင့်သလဲဆိုရင် အပူချိန် တက်ပြီး fan တွေပို အလုပ်လုပ်လို့
ဖြစ်ပါတယ်။

- Fan တွေမှာ ဖုန်တွေ အမှိုက် တွေကို ၆လ တစ်ခါ၊ ၁နှစ်တစ်ခါ maintain
လုပ်ပေးပါ။ Rpmကျလာပါက အအေးပေးစနစ် ချွတ်ယွင်းလာပြီး Laptop ကို အပူချိန်
တက်လာပါလိမ့်မယ်။
- အရေးအကြီးဆုံး အချက်ဖြစ်တဲ့ Laptop ဝယ်တဲ့အခါမှာ Laptop ကို တပ်မယ့်
သို့မဟုတ် ထည့်သွင်းထားမယ့်အိတ်ကို ဝယ်ယူဖို့ပါပဲ။ ဒီအိတ်ဟာ သယ်ယူမှုအတွက် အသုံးဝင်ခြင်း တစ်ခုတည်းမဟုတ်ပါဘူး။ Laptop တစ်ခုလုံးအတွက်
အလေးချိန် ဖိမှု၊ ပြုတ်ကျမှု၊ အပူချိန် ထိန်းညှိမှု၊ ESD (ElectroStatic
Discharge), EMI(Elictromagnetic Interfrence) သို့မဟုတ် RFI (Radio Frequency Interferce)
စတဲ့ဘေးပြင်ပ နှောက်ယှက်မှု တွေကိုပါ ဝန်ဆောင်မှု တွေ ပေးပါတယ်။
မိမိဝယ်လိုက်တဲ့ Laptop အတွက်တစ်ပါတည်း ထုတ်လုပ်ထားတဲ့ Laptop ကို ဝယ်တာ အကောင်းဆုံး ဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်...

post by AungKyaw

Posted by ထိုင်းရောက် IT လူငယ်များ 



ကွန်ပျူတာSystem အမှားတွေကိုအော်တိုပြင်ပေးနေတဲ့ ASC Software လေးပါ





အခုတင်ပေးလိုက်တဲ့ဆော့ဝဲလေးကတော့အရမ်းကောင်းပါတယ် ကွန်ပျူတာရှိတဲ့သူတိုင်းတင်ထားသင့်တဲ့  
ဆော့ဝဲလေးပါအမှားတွေ Tempဖိုင်တွေကိုလည်းဖျက်ပေးပါတယ်စက်ကိုမသုံးတဲ့အချိန်ဒီဆော့ဝဲလေးကိုဖွင့် 
ပေးထားလိုက်သူ့ ဟာသူအားလုံးရှင်းပေးပါတယ်ဗိုင်းရပ်စ်လည်းရှင်းပေးပါတယ် အင်တာနက်မှာလည်း free 
ယူ လို့ ရပါတယ်မသိရင်လည်းဒီနေရာကနေယူလိုက်ပါ free version ဖြစ်လို့  Registor 
လုပ်စရာမလိုပါဘူးအကြောင်းအမျိုးမျိုးကြောင့်ဖြစ်ပေါ်လာတဲ့အမှားတွေကို သူ့ ဟာသူပြင်သွားပါလိမ့်မယ် 
စက်သုံးရတာနှေးကွေးလေးလံမှုမဖြစ်ရအောင်စက်ပိတ်ခါနီးတွင်Run ပေးသင့်ပါတယ်
-ဒေါင်းလုပ်ဆွဲရန်- 
 

Computer mouse မှာ Right Click ထောက်လိုက်ပြီ အပုံလေးနဲ့ လန်ခြင်သူများအတွက်



ကလိချင်သောသူငယ်ချင်းများအတွက်ပေါ့နော်
Computer mouse မှာ Right Click ထောက်လိုက်လို့ပုံလေးနဲ့ထားချင်ရင် သူငယ်ချင်းများအတွက်  အောက်ကနေဒေါင်းယူလိုက်ပါ


ဒေါင်းလုပ်ဆွဲရန် 

post by  

Posted by 

Monday, December 31, 2012

Windows Loader v2.1 By Daz

ဒီရက်ပိုင်း Windows Genuine မဖြစ်တာနဲ့ ပါတ်သတ်ပြီး တော်တော်များများ မေးကြတာ တွေ့ရပါတယ် .. မိမိတို့ အသုံးပြုနေတဲ့ Windows က Genius မဖြစ်တော့ဘူး .. ဆိုရင် အခုကျွန်တော် တင်ပေးလိုက်တဲ့ Windows_Loader_v2.1.1 ကိုအသုံးပြုပြီး ဖြေရှင်း နိုင်မှာ ဖြစ်ပါတယ် .. Windows 7 အသုံးပြုသူတိုင်း မဖြစ်မနေ ဆောင်ထားသင့်တဲ့ Tool တစ်ခုပါပဲ .. ကျွန်တော်တို့ သုံးနေတဲ့ Windows တွေအများစုက Microsoft ကနေ တရားဝင် ၀ယ်ပြီး အသုံးပြုတာ မဟုတ်တဲ့ အတွက် တစ်ချိန်ချိန်မှာ မိမိတို့
အသုံးပြုနေတဲ့ Windows က Genius မဖြစ်တာတွေ ကြုံလာရမယ် ဆိုရင် အခုကျွန်တော် တင်ပေးလိုက်တဲ့ ကောင်လေးကို အသုံးပြုပြီး အလွယ်တကူ ဖြေရှင်း နိုင်ပါလိမ့်မယ် .. အသုံးပြုနည်းကလည်း အရမ်းကြီး မခက်ခဲပါဘူး .. Windows_Loader_v2.1.1 လေးကို မိမိတို့ စက်မှာ ရမ်းပေးလိုက်ပါ .. ပြီးရင် Install ဆိုတာလေးကို နှိပ်လိုက်ပါ .. ပြီးရင် ခဏစောင့်နေလိုက်ပါ .. Restart တောင်းတဲ့ အခါမှာ Restart ချပေးလိုက်ပါ .. Windows ပြန်တက်လာရင် မိမိတို့ အသုံးပြုနေတဲ့ Windows က ..Genuine ဖြစ်သွားတာ တွေ့ရပါလိမ့်မယ် ဒီကောင်လေးကို အသုံးပြုလို့ရတဲ့ Windows အမျိုးအစားတွေကို ကျွန်တော် အောက်မှာ ဖော်ပြပေးထားပါတယ်
Supported Operating Systems :
Windows 7 Ultimate
Windows 7 Ultimate E
Windows 7 Professional
Windows 7 Professional E
Windows 7 Home Premium
Windows 7 Home Premium E
Windows 7 Home Basic
Windows 7 Starter
Windows 7 Starter E
Windows Vista Ultimate
Windows Vista Business
Windows Vista Business N
Windows Vista Home Premium
Windows Vista Home Basic
Windows Vista Home Basic N
Windows Vista Starter
Windows Server 2008 Enterprise
Windows Server 2008 Foundation
Windows Server 2008 Standard
Windows Small Business Server 2008
Windows Storage Server 2008 Standard
Windows Server 2008 R2 Enterprise
Windows Server 2008 R2 Foundation
Windows Server 2008 R2 Standard
Windows Small Business Server 2011 Standard

ဆောင်ထားချင်တဲ့ သူများ
ဒေါင်းလော့ ချသွားလိုက်ပါ ..
Download ယူရန်
http://minus.com/lv2prqVIpXPNx

မိမိကွန်ပျူတာ Hangs ရခြင်းအကြောင်း (၁၀)ချက်

ကျွန်တော်တို့ ကွန်ပျူတာ ကိုသုံးနေရင် Hangs တာမျိုး Crashes ဖြစ်တာ မျိုး ကြုံဖူးကြမှာပါ။ ဘာကြောင့်ဖြစ်တာလဲဆိုရင် ကျွန်တော်တို့ မိမိတို့ စက် မှာ မလိုအပ်တဲ့ process တွေ အလုပ်လုပ်နေလို့ ဖြစ်ပါတယ် အဲဒီလို မဖြစ် ရအောင် ဖြေရှင်းနည်း (၁၀) ချက်ရှိတယ်။

1. မိမိတို့ computer မှာ ctrl+alt+ delete key (တစ်ချို့စက်တွေမှာ ctrl+shift+Esc ) နိုပ်ပြီ Task manager ကိုခေါ်လိုက်ပါ။ ပြီရင် processes ထဲမှာ ကို အသုံးမလိုတဲ့ software တွေကို End Process လိုက်လုပ်ပါ။



2. နောက်တစ်ခုက virtual memory တိုးပေးတာဖြစ်ပါတယ်။ ကျွန်တော်တို့ program တွေ အများကြီး run ထားတဲ့အခါ virtual memory မလုံလောက် တဲ့အတွက် စက် Hangs တာမျိုးတွေ ဖြစ်တက်ပါတယ်။

3. နောက်တစ်ခုကတော့ ကျွန်တော်တို့ Browser တွေရဲ့ History တွေကို ဖျက်ထုတ်တာဖြစ်ပါတယ်။ ccleaner software နဲ့ ဖြေရှင်းက အတော် ကောင်းတယ်။ software မသုံးချင်တဲ့ သူငယ်ချင်းများအတွက် Internet explorer မှာ Tools ဆိုတာ တွေ့ကြမှာပါ။ အဲဒီမှာ internet option ထဲက General မှာ clear History ကို click လိုက်ပြီ ok ပေးလိုက်တာပါ။ Firefox မှာလဲ ကျွန်တော်တို့ option ထဲက privacy ထဲမှာ private ထဲက setting မှာ ကျွန်တော်တို့ clear ပေးလိုက်ပါ။ Browser History တွေကို ပြောတာနော်။

4. နောက်တစ်ခုကတော့ Internet temporary files တွေကို delete ပေးရ ပါ့ မယ်။ ဒါကတော့ option က ဖျက်တာနဲ့စာရင် ccleanner softeware နဲ့ ဖြေရှင်းတာ အကောင်းဆုံးဖြစ်ပါတယ်။

5. နောက်တစ်ခုက ကျွန်တော်တို့ cookies တွေကို ဖျက်ထုတ်တာဖြစ်ပါ တယ်။ Internet Browser တွေက option ထဲကနေ cookies တွေကို ဖျက်ထုတ်လိုက်ပါ။

6. နောက်တစ်ခုကတော့ မလိုအပ်တဲ့ programs တွေကို ဖျက်ထုတ်တာဖြစ်ပါတယ်။ မိမိတို့စက်မှာ မလိုအပ်တာတွေကို မိမိသာ အသိဆုံးဖြစ်မှာပါ။ မိမိcomputer က control panel ထဲက add/remove programs ထဲက မလိုတာတွေကို install လုပ်လိုက်ပါ။

7. နောက်တစ်ခုကတော့ files တွေကို ပြန်စီတာဖြစ်ပါတယ်။ Defragmenter ချတယ်လို့လဲခေါ်ပါတယ်။ Defragmenter ချတဲ့နေရာမှာ မိမိ Defragmenter ချတဲ့အခါ မိမိချချင်တဲ့ Disk မှာ free space 15% ရှိရပါမယ်။ မရှိရင်တော့ defragmenter ချလို့ မရပါဘူး။ လုပ်နည်းကတော့ all programs/accessories /system tool/disk defragmenter မှာ မိမိ partition ခွဲထားတစ်လောက် file တွေကို ပြန်စီလိုက်ပါ။

8. နောက်တစ်ခုကတော့ မိမိ ကွန်ပျူတာမှာ error ကို check လုပ်တာပါ။ မိမိစက်မှာ error တက်နေတဲ့ program တွေကို check လုပ်လိုက်တာပါ။ ဘယ်လိုလုပ်ရသလဲဆိုရင် မိမိ error ရှာချင်တဲ့ disk ပေါ်မှာ right click ထောက်။ properties ထဲက tools မှာ error-checking အကွက်ထဲမှာ check Now ကို click ပြီ မိမိတို့လုပ်စေချင်တာကို အမှန်ခြစ်ပေးပြီ check လုပ်လိုက်ပါ။

9. နောက်တစ်ခုကတော့ ကျွန်တော်တို့ Run ထဲမှာ (%temp%;prefetch; recent) ကို ပုံမှန်ဖျက်ထုတ်ပေးပါ။ ဖျက်လို့မရတဲ့ files တွေလဲတွေ့ရမှာ ပါ။ ဖျက်ရချင်ရင်တော့ unlocker softeare နဲ့ ဖြေရှင်းလို့ရပါတယ်။ free ပေးပါတယ် google မှာရှာလိုက်ပါ။နောက်တစ်ခုကတော့ ကျွန်တော် တို့ computer ထဲက search button မှာ cooking လို့ ရိုက်ထည့်ပြီ သူ့ထဲမှာ ရှိတဲ့ ဖိုင်တွေကို ဖျက်ထုတ်လိုက်ပါ. ဗိုင်းရပ်အများ ဆုံးနားခို တဲ့ နေရာလဲဖြစ်ပါတယ်။

10. နောက်တစ်ခုကတော့ မိမိတို့ computer ဖွင့်ဖွင့်ချင်မှာ process တွေကြောင့် ကျွန်တော်တို့ window အတက် အတော်လေး ပါတယ်။ ဒါကြောင့် msconfig က startup ထဲမှာ မလိုအပ်ဘူးထင်တာတွေကို disable ပေးထားလိုက်ပါ။ လိုအပ်တာတွေတော့ မှားမပေးနဲ့နော်။
နောက်တစ်ခုကတော့ shutdown လုပ်တဲ့အခါမှာ power ပေါက် ထိုးပိတ်တာမျီုးမလုပ်ပါနဲ့။

အားလုံးကွန်ပျူတာ Hangs ရခြင်းမှကင်းဝေးကြပါစေခင်ဗျာ

Sunday, December 30, 2012

WinUSB Maker 1.0 - Windows Setup to USB Solution (x86/x64)

ကျွန်တော်အခု WinUSB Maker လေးတစ်ခုထပ်တင်ပေးလိုက်ပါတယ်။
ဒီကောင်လေးကို ဘယ်လိုနေရာတွေများအသုံးပြုကြလည်းဆိုရင် Window ကိုအခွေနဲ့မတင်ဘဲနဲ့ USB နဲ့တင်ချင်သူများအတွက်အထူးရှယ်ပေါ့ဗျာ
32 ရော 64 ပါအကျူံးဝင်ပါတယ်နောက်ဆုံးထွက်ဖြစ်လို့ ဒီကောင်လေးက Window 8 ကိုတောင် Support

လုပ်ပေးနိုင်ပါတယ်။ကျွန်တော်နောက်ကို Update ဖြစ်တိုင်းလဲတင်ပေးသွားပါမယ် ပြုလုပ်ရတာလဲလွယ်ပါတယ်
ဖိုင်ဆိုဒ်ကလည်း 2.79MB ဘဲရှိတဲ့အတွက် ဆောင်ထားရင်လည်းမမှားပါဘူးဗျာ။ စိတ်ဝင်စားတယ် ဆိုရင်တော့အောက်က Link မှာဒေါင်းယူနိုင်ပါတယ်ဗျာ။
ိDownload ယူရန်
http://www.mediafire.com/?rs3bzvmk9689nrt
password က zawlin ပါ
အားလုံးဘဲအဆင်ပြေကြပါစေနော်။

Saturday, December 29, 2012

SOFTWARE တွေ UNINSTALL လုပ်မရခဲ့ ရင်


Software တွေ Uninstall လုပ်မရဘူးပြောလာလို့ တဆင့်ပြန်လည်မျှဝေပေးလိုက်ပါတယ်....:)

တချို့ တွေက Game တို့  Software တို့ ကို install လုပ်ပြီးခါမှ ကိုယ့် စက်နဲ့ မကိုက်လို့ Uninstall ပြန်လုပ်ချင်တဲ့ အခါမျိုးမှာ ခပ်လွယ်လွယ်ပြန်လုပ်လို့  မရလို့ စိတ်အနှောင့်အယှက်ဖြစ်တတ်ကြတာမျိုးတွေ တွေ့ နေရလို့ အဆင်ပြေအောင် ပြောပြရခြင်းပါ။ အခုပြောပြမည့် နည်းလမ်းလေးကတော့ Uninstaller software တို့ ဘာတို့ လို အချိန်ကုန်ခံ Download လုပ်ပြီးတော့ Uninstall လုပ်စရာ မလိုဘဲ ကိုယ်တိုင်စမ်းကြည့်လို့ ရမယ့် နည်းလမ်းတစ်ခုပါ။




၁။ အရင်ဆုံး Start ထဲက Run ကိုခေါ်ပြီး Run Box မှာ Regedit လို့ ရိုက်ထည့်ပါ။ (Windowkey+R ကိုရိုက်ပြီး run box ကိုခေါ်လို့ ရပါတယ်)
၂။ HKEY_LOCAL-MACHINE/Software/Microsoft/Windows/Current Version/Uninstall မှာရှိတဲ့ Uninstall လုပ်လို့ မရတဲ့ software ကိုနှိပ်လိုက်ပါ။
၃။ ညာဘက်မှာရှိတဲ့  uninstall string file ကို double click နှိပ်ပါ။ ပြီးတာနဲ့  value data မှာရှိတဲ့ BOX
မှာ C:\Program File\WordWeb\uninset.exe ကိုcopy လုပ်ပြီးတော့ ok ကိုနှိပ်ပေးပါ။
၎။ Start ထဲမှာရှိတဲ့  Run ကိုသွားပြီး C:\Program File\WordWeb\uninset.exe ကိုရိုက်ထည့်ပေးပါ။သူ့ အလိုအ
လျောက် uninstall လုပ်သွားတာကိုတွေ့ ရပါလိမ့် မယ်။
Software Uninstall လုပ်လို့ မရတဲ့ သူတွေအဆင်ပြေနိုင်ကြပါေ

ကွန်ပြူတာ အနက်ဖွင့်ဆိုချက်


Avast - Avast - အခမဲ့ ဗိုင်းရပ်စ် ကာကွယ်ရေး ဆော့ဗ်ဝဲတခု ဖြစ်တယ်။ 
  • Basic Input/Output System (BIOS) - ကွန်ပျူတာ တလုံးရဲ့ ပထမဆုံးနဲ့ အတွင်းပိုင်း အကျဆုံး ဆော့ဗ်ဝဲ အဆင့် ဖြစ်တယ်။ BIOS က ကွန်ပျူတာ စဖွင့်ချိန်မှာ တောင်းလာတဲ့ စကားဝှက်တခုနဲ့ ကွန်ပျူတာ စက်ပိုင်းဆိုင်ရာ အဆင့်မြင့် ဦးစားပေးချက် အတော်များများကို သတ်မှတ်ပေးတယ်။
  • Blacklist - တားဆီး ပိတ်ပင်ခံရတဲ့အတွက် ဖွင့်လို့ မရအောင် ပိတ်ဆို့ခံထားရတဲ့ ကွန်ရက် စာမျက်နှာတွေနဲ့ တခြား အင်တာနက် ဝန်ဆောင်မှုတွေ ပါဝင်တဲ့ စာရင်း ဖြစ်တယ်။
  • Bluetooth - အတည်သတ်မှတ်ထားတဲ့ လက်ကိုင်ဖုန်းတွေထဲက ဒေတာတွေကို အနီးကပ် အကွာအဝေးကနေ လွှဲပြောင်းပေးနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ကြိုးမဲ့ ဆက်သွယ်မှု တခု ဖြစ်တယ်။ Bluetooth ဟာ လှိုင်းတို ရေဒီယို ထုတ်လွှင့်တဲ့ စနစ်ကို အသုံးပြုထားတယ်။
  • Booting - ကွန်ပျူတာကို စတင် ဖွင့်လိုက်တဲ့ လုပ်ဆောင်မှု ဖြစ်တယ်။
  • CCleaner - လတ်တလော သုံးစွဲနေတဲ့ ပရိုဂရမ်တွေနဲ့ Windows operating system ရဲ့ hard drive ထဲမှာ ချန်ထားခဲ့တဲ့ ယာယီဖိုင်တွေ အပါအဝင် အထိခိုက်မခံတဲ့ သဲလွန်စတွေကို ရှင်းလင်းဖယ်ရှားပေးတဲ့ အခမဲ့ ကိရိယာ တခု ဖြစ်တယ်။
  • CD Burner - CD အလွတ်တွေထဲမှာ ဒေတာ ရေးကူးပေးနိုင်တဲ့ ကွန်ပျူတာ CD-ROM drive တခု ဖြစ်တယ်။ DVD burnersတွေက DVD အလွတ်မှာ ရေးကူးပေးနိုင်တယ်။ CD-RW နဲ့ DVD-RW drives တွေက သတင်း အချက်အလက်တွေကို CD-RW (သို့) DVD-RW ဓါတ်ပြားတွေပေါ်မှာ တကြိမ်မက ပယ်ဖျက်ပြီး၊ ပြန်ရေးကူးပေးနိုင်တယ်။
  • Circumvention - ပိတ်ဆို့ခံရတဲ့ ကွန်ရက် စာမျက်နှာတွေနဲ့ တခြား အင်တာနက် ဝန်ဆောင်မှုတွေကို ကြည့်ရှုလို့ ရအောင် အင်တာနက် စစ်ထုတ်ပိတ်ပင်ရေး ကိရိယာတွေကို ပတ်ရှောင်နိုင်တဲ့ လုပ်ဆောင်ချက် ဖြစ်တယ်။
  • Clam Win - ဝင်းဒိုးအတွက် ပြုလုပ်ထားတဲ့ FOSS ဗိုင်းရပ်စ် ကာကွယ်ရေး ပရိုဂရမ်တခု ဖြစ်တယ်။
  • Cobian Backup - Backup လုပ်ပေးတဲ့ FOSS ကိရိယာတခု ဖြစ်တယ်။ နောက်ဆုံးထုတ် Cobian ဗားရှင်းဟာ ကုဒ်ပိတ်ထားတဲ့ အခမဲ့ ဆော့ဗ်ဝဲ ဖြစ်တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဗားရှင်းတွေကတော့ FOSS ဗားရှင်းအနေနဲ့ ထုတ်ဝေခဲ့တယ်။
  • Comodo Firewall - အခမဲ့ firewall ကိရိယာတခု ဖြစ်တယ်။
  • Cookie - သီးခြား ကွန်ရက် စာမျက်နှာ တခုခုရဲ့ အချက်အလက်တွေကို သိမ်းထားဖို့ (သို့) သင် ဘယ်သူ ဘယ်ဝါ ဖြစ်တယ် ဆိုတာ ခွဲခြားနိုင်ဖို့ browser ကနေ ကွန်ပျူတာထဲမှာ သိမ်းဆည်းလိုက်တဲ့ ဖိုင်ငယ် တခု ဖြစ်တယ်။
  • Digital signature - သီးခြားဖိုင် (သို့) သတင်းတို တခုခုကို ပေးပို့တဲ့သူ အစစ်အမှန် ဖြစ်ကြောင်း သက်သေပြတဲ့ စာဝှက်စနစ်သုံး နည်းလမ်းတမျိုး ဖြစ်တယ်။
  • Domain name - ကွန်ရက် စာမျက်နှာ (သို့) အင်တာနက် ဝန်ဆောင်မှု တခုခုကို စာနာမည်နဲ့ ရေးသားရတဲ့ လိပ်စာ ဖြစ်တယ်။ ဥပမာ အားဖြင့် security.ngoinabox.org
  • Encryption - စကားဝှက် တခု (သို့) စာဝှက်စနစ်သုံး သော့တခုခု ရှိထားတဲ့ ပုဂ္ဂိုလ်ကသာ စာဝှက်ဖော်နိုင်၊ ဖတ်ရှုနိုင်အောင် ပါးနပ်တဲ့ သင်္ချာနည်းကို သုံးပြီး အချက်အလက်ကို စာဝှက်ပေးတဲ့နည်း (သို့) မွှေနှောက်တဲ့နည်း တမျိုး ဖြစ်တယ်။
  • Enigmail - စာဝှက်ထားပြီး ဒစ်ဂျစ်တယ်နည်းနဲ့ လက်မှတ် ရေးထိုးထားတဲ့ အီးမေးလ်ကို ပေးပို့နိုင်၊ လက်ခံစေနိုင်တဲ့ Thunderbird အီးမေးလ် ပရိုဂရမ်ရဲ့ add-on တခု ဖြစ်တယ်။
  • Eraser - ကွန်ပျူတာထဲ (သို့) ဖြုတ်တပ်လို့ ရတဲ့ သိမ်းဆည်းရေး ကိရိယာထဲက သတင်း အချက်အလက်တွေကို လုံလုံခြုံခြုံ အမြဲတမ်း ပယ်ဖျက်ပေးနိုင်တဲ့ ကိရိယာတခု ဖြစ်တယ်။
  • Firefox - Microsoft Internet Explorer နဲ့ အပြိုင် ရေပမ်းစားနေတဲ့ FOSS Web browser တခု ဖြစ်တယ်။
  • Firewall - ရုံးတွင်းမှာ ရှိတဲ့ networks တွေနဲ့ အင်တာနက်ကတဆင့် စိတ်မချရတဲ့ ဆက်သွယ်မှုလိုင်းတွေ အကြားမှာ ကွန်ပျူတာကို အကာအကွယ် ပေးတဲ့ ကိရိယာတခု ဖြစ်တယ်။
  • Free and Open Source Software (FOSS) - Free and Open Source Software (FOSS) - ဒီဆော့ဗ်ဝဲ အုပ်စုကို အခမဲ့ ရရှိနိုင်ပြီး လူတဦးတယောက်က အတားအဆီး မရှိပဲ စမ်းသပ်နိုင်၊ ဝေမျှနိုင် (သို့) ပြင်ဆင်နိုင်တဲ့ ဆော့ဗ်ဝဲ အမျိုးအစား ဖြစ်တယ်။
  • Freeware - အခမဲ့ ဆော့ဗ်ဝဲတွေထဲမှာ ပါဝင်ပေမဲ့ သူ့ကို ဖန်တီးရေးဆွဲတဲ့ နေရာမှာ အသုံးပြုတဲ့ အရင်းအမြစ်ကုဒ်ကို တရားဝင် ကြည့်ရှုခွင့် မပေးတဲ့ (သို့) နည်းပညာဆိုင်ရာ အကန့်အသတ်တွေ ရှိတဲ့ ဆော့ဗ်ဝဲ အမျိုးအစား ဖြစ်တယ်။
  • GNU/Linux - Microsoft Windows နဲ့အပြိုင် ထုတ်လုပ်ထားတဲ့ FOSS operating system တမျိုး ဖြစ်တယ်။
  • Global Positioning System (GPS) - အာကာသမှာ အခြေစိုက်ပြီး တကမ္ဘာလုံးကို လှည့်ပတ် သွားလာနေတဲ့ ဂြိုဟ်တု စနစ် တခု ဖြစ်တယ်။ ကမ္ဘာ့ ရာသီဥတု အပါအ၀င်၊ ကမ္ဘာတ၀ှမ်းမှာ ရှိတဲ့ အရာဝတ္ထု၊ ကမ္ဘာ့အပြင်ပက အဆီးအတားမဲ့ ကောင်းကင် မြင်ကွင်း အစရှိတဲ့ အရာတွေနဲ့ ပါတ်သက်တဲ့ တည်နေရာ၊ အချိန်၊ သတင်း အချက်အလက်တွေကို ပံ့ပိုးပေးတယ်။
  • Hacker - ဒီနေရာမှာ အထိခိုက်မခံတဲ့ အချက်အလက် (သို့) ကွန်ပျူတာကို အဝေးကနေ ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ အန္တရာယ်ရှိ ကွန်ပျူတာ ရာဇဝတ်သား တဦးတယောက်ကို ဆိုလိုတယ်။
  • Internet Protocol address (IP address) ကွန်ပျူတာကို အင်တာနက်နဲ့ ချိတ်ဆက်တဲ့အခါ သတ်မှတ်ပေးတဲ့ သီးခြား IP လိပ်စာတခု ဖြစ်တယ်။
  • Internet Service Provider (ISP) - အင်တာနက် စတင် ချိတ်ဆက်တဲ့အခါ ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီ (သို့) အဖွဲ့အစည်း ဖြစ်တယ်။ နိုင်ငံ အတော်များများမှာ ရှိတဲ့ အစိုးရတွေဟာ သူတို့ နိုင်ငံအတွင်းမှာ ဖွင့်ထားတဲ့ ISP တွေကတဆင့် ပိတ်ဆို့တဲ့ ကိရိယာ၊ စောင့်ကြည့်ရေး ကိရိယာတွေကို အသုံးပြုပြီး အင်တာနက်ကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေကြတယ်။
  • Infrared Data Association (IrDA) - အနီအောက် ရောင်စဉ် အလင်းတန်းကို အသုံးပြုပြီး ဒေတာတွေကို အနီးကပ် လွှဲပြောင်းပေးနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ကြိုးမဲ့ ဆက်သွယ်ရေး တမျိုး ဖြစ်တယ်။ ခေတ်သစ် ကိရိယာတွေမှာ IrDA နေရာကို Bluetooth က အစားထိုး နေရာယူလာတာ ဖြစ်တယ်။
  • Java Applications (Applets) - Operating Systems အတော်များများမှာ အသုံးပြုနိုင်တဲ့ ပရိုဂရမ်ငယ်လေးတွေ ဖြစ်တယ်။ သူတို့ကို ကွန်ရက် စာမျက်နှာတွေရဲ့ လုပ်ဆောင်ချက်တွေကို တိုးတက် ကောင်းမွန်လာအောင် အသုံးပြုလေ့ ရှိကြတယ်။
  • Keylogger - ကွန်ပျူတာ ကီးဘုတ်ပေါ်မှာ ရိုက်နှိပ်ခဲ့သမျှ ကီးတွေကို မှတ်သားပြီး အဲဒီ အချက်အလက်တွေကို တဖက်က လူဆီ ပေးပို့ပေးတဲ့ ထောက်လှမ်းရေး ဆော့ဗ်ဝဲ တမျိုး ဖြစ်တယ်။ Keylogger တွေကို အီးမေးလ်နဲ့ တခြား စကားဝှက်တွေ ခိုးယူရာမှာ အသုံးပြုလေ့ ရှိတယ်။
  • KeePass - အခမဲ့ဖြစ်ပြီး လုံခြုံမှုရှိတဲ့ စကားဝှက် ဒေတာဘေ့စ် တခု ဖြစ်တယ်။/li>
  • LiveCD - ကွန်ပျူတာထဲမှာ တခြား operating system ကို ယာယီ လည်ပတ်စေနိုင်တဲ့ CD တချပ် ဖြစ်တယ်။
  • Malware - viruses, spyware, Trojans တွေနဲ့ တခြား အလားတူ အန္တရာယ်ရှိတဲ့ ဆော့ဗ်ဝဲ အားလုံးကို ခြုံငုံထားတဲ့ အထွေထွေ ဝေါ်ဟာရတရပ် ဖြစ်တယ်။
  • Mnemonic device - ရှုပ်ထွေးတဲ့ စကားဝှက်တွေကို မှတ်မိနိုင်အောင် ကူညီလုပ်ဆောင်ပေးတဲ့ ရိုးရိုး လှည့်ကွက် တမျိုး ဖြစ်တယ်။
  • NoScript - ကွန်ရက် စာမျက်နှာတွေပေါ်မှာ မသိကျွမ်းပဲ ကပ်ပါလာတတ်တဲ့ အန္တရာယ်ရှိ ပရိုဂရမ်တွေရဲ့ ရန်ကနေ အကာအကွယ် ပေးနိုင်တဲ့ Firefox browser ရဲ့ လုံခြုံရေး add-on တခု ဖြစ်တယ်။
  • Off the Record (OTR) - Pidgin လို့ ခေါ်တဲ့ လက်ငင်း စာတိုပေးပို့ရေး ပရိုဂရမ်အတွက် ထုတ်လုပ်ထားတဲ့ စာဝှက်စနစ် plugin တခု ဖြစ်တယ်။
  • Peacefire - ဒီအခမဲ့ ဝန်ဆောင်မှုကို မှတ်ပုံတင်ထားတဲ့ လူတိုင်းက အင်တာနက် စီစစ်ဖြတ်တောက်မှုကို ကျော်လွှားရာမှာ အသုံးပြုတဲ့ ရှောင်တိမ်းရေး proxy တွေ ပါရှိတဲ့ နောက်ဆုံးထွက် ဝန်ဆောင်မှု စာရင်းတခုကို အီးမေးလ်နဲ့ လစဉ် အခမဲ့ ရရှိကြတယ်။
  • Physical threat - ဒီနေရာမှာ၊ ကွန်ပျူတာ စက်ပစ္စည်းတွေကို တခြား သူတွေက ကိုယ်ထိလက်ရောက် ရယူမှု (သို့) ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်တွေ ဖြစ်တဲ့ ကျိုးပဲ့ ပျက်စီးမှု၊ မတော်တဆမှုတွေ (သို့) သဘာဝ ဘေးအန္တရာယ်တွေကြောင့် အထိခိုက်မခံတဲ့ သတင်း အချက်အလက် အပေါ် ကျရောက်နိုင်တဲ့ အန္တရာယ် တခုခုကို ဆိုလိုတယ်။
  • Pidgin - Off the Record (OTR) လို့ ခေါ်တဲ့ စာဝှက်စနစ်ပါ plugin တခုကို အသုံးပြုထားတဲ့ FOSS စာတိုပေးပို့ရေး ကိရိယာ တခု ဖြစ်တယ်။
  • Proxy - အင်တာနက် စိစစ်ဖြတ်တောက်မှုကို ကျော်လွှားရာမှာ အသုံးပြုနိုင်ပြီး အင်တာနက် ဆက်သွယ်ရေး တချို့ (သို့) အားလုံးကို လမ်းဖွင့်ပေးတဲ့ ကြားခံ ဝန်ဆောင်မှု တခု ဖြစ်တယ်။ proxy တခုကို လူအများက အသုံးပြုနိုင်တယ်၊ (သို့) သူ့ကို အသုံးပြုနိုင်ဖို့ username နဲ့ စကားဝှက်တခု ရှိထားဖို့ လိုတယ်။ တချို့ proxy တွေသာ လုံခြုံမှု ရှိကြတယ်။ ဆိုလိုတာက proxy ကို ဖြတ်ပြီး ကွန်ပျူတာနဲ့ အင်တာနက် ဝန်ဆောင်မှုတွေ အကြား ဆက်သွယ်ပေးတဲ့ သတင်း အချက်အလက်တွေရဲ့ လုံခြုံရေးကို အကာအကွယ် ပေးတဲ့ စာဝှက်စနစ်ကို အသုံးပြုကြတယ်။
  • Proprietary software - အရင်းအမြစ် ဆော့ဗ်ဝဲ (FOSS) နဲ့ ဆန့်ကျင်ဖက် ဖြစ်တယ်။ ဒီလုပ်ငန်းသုံး ကိရိယာတွေကို အများအားဖြင့် အခကြေးငွေ ပေးပြီး ၀ယ်ယူလို့ ရတယ်။ ဒါပေမဲ့ လိုင်စင် လိုအပ်ချက် ကန့်သတ်ချက်တွေနဲ့ အခမဲ့ ဆော့ဗ်ဝဲ အဖြစ်လည်း ရယူ အသုံးပြုနိုင်တယ်။
  • RiseUp - Webmail ကတဆင့် ဖြစ်စေ (သို့) Mozilla Thunderbird လို အီးမေးလ် client တခုမှ ဖြစ်စေ လုံလုံခြုံခြုံ အသုံးပြုနိုင်အောင် တက်ကြွလှုပ်ရှားသူတွေက စီစဉ်ထုတ်လုပ်ထားတဲ့ အီးမေးလ် ဝန်ဆောင်မှုတခု ဖြစ်တယ်။
  • Router - ကွန်ရက် ချိတ်ဆက်မှု ကိရိယာ အစိတ်အပိုင်း တခု ဖြစ်ပြီး အဲဒီကတဆင့် ကွန်ပျူတာတွေက ရုံးတွင်း networks တွေမှာ အချိတ်အဆက် လုပ်တာတို့၊ ရုံးတွင်း ကွန်ရက်အမျိုးမျိုးကနေ ပြင်ပ အင်တာနက် ချိတ်ဆက်တာတို့ လုပ်ဆောင်ပေးတယ်။ Switch တွေ၊ gateway တွေနဲ့ hubတွေဟာ အလားတူ လုပ်ငန်းတွေကို လုပ်ဆောင်ပေးပြီး၊ ကြိုးမဲ့ထုတ်လွှင့်ချက်တွေကို သုံးစွဲနိုင်အောင် စနှစ်တကျ တပ်ဆင်ထားတဲ့ ကွန်ပျူတာတွေမှာ အလားတူ လုပ်ဆောင်ပေးတယ်။
  • Secure password database - master password တခုထဲကိုပဲ အသုံးပြုပြီး စကားဝှက်တွေကို သိုလှောင် သိမ်းဆည်းပေးနိုင်တဲ့ ကိရိယာတခု ဖြစ်တယ်။
  • Secure Sockets Layer (SSL) - ကွန်ပျူတာနဲ့ ကွန်ရက်စာမျက်နှာတချို့ အပါအဝင်၊ ကြည့်ရှုနေတဲ့ အင်တာနက် ဝန်ဆောင်မှုတွေ အကြားမှာ လုံခြုံမှု ရှိစေပြီး၊ စာဝှက်ထားပြီး လုံခြုံမှု ရှိတဲ့ ဆက်သွယ်မှုလိုင်း တခု အဖြစ် ထိန်းကျောင်းပေးတဲ့ နည်းပညာ ဖြစ်တယ်။ ကွန်ရက်စာမျက်နှာ တခုကို SSL ကတဆင့် ဆက်သွယ်တဲ့အခါ ကွန်ရက် လိပ်စာဟာ HTTP အစား HTTPS နဲ့ စတင်လာမှာ ဖြစ်တယ်။။
  • Security certificate - ကွန်ရက် စာမျက်နှာတွေနဲ့ တခြား အင်တာနက် ဝန်ဆောင်မှုတွေကို လုံခြုံမှု ရှိစေဖို့ စာဝှက်စနစ်ကို အသုံးပြုပြီး ပုဂ္ဂိုလ် တဦးတယောက် ဆိုနေသူဟာ အမှန်တကယ် စစ်မှန်ကြောင်း သက်သေပြနိုင်တဲ့ နည်းစနစ် တမျိုး ဖြစ်တယ်။ လုံခြုံရေး လက်မှတ်တခုကို သင့်ရဲ့ browser က စစ်မှန်ကြောင်း အတည်ပြုပေးနိုင်ဖို့ ဒစ်ဂျစ်တယ် လက်မှတ်တခုအတွက် စိတ်ချရတဲ့ အဖွဲ့အစည်း တခုခုဆီမှာ ဝန်ဆောင်ခ ပေးဆောင်ဖို့ လိုတယ်။ အဖိုးအခ ပေးဆောင်ရတဲ့အတွက် တချို့ စီမံခန့်ခွဲသူတွေက ငွေကြေးပေးဆောင်ဖို့ စိတ်မဝင်စားကြဘူး။ ဒါပေမဲ့ အခါအားလျော်စွာ မှန်မှန်ကန်ကန် ဝန်ဆောင်မှု ပေးတဲ့ ကွန်ရက် တခုခုကို ကြည့်ရှုတဲ့အခါမှာလည်း လုံခြုံရေး လက်မှတ် (security certificate) ချို့ယွင်းချက်တွေကို တွေ့ရတတ်တယ်။
  • Security policy - သင့် အဖွဲ့အစည်းက ခြိမ်းခြောက်မှု အမျိုးမျိုးဖြစ်ပေါ်လာတဲ့အခါ ကိုယ့်ဟာကိုယ် ကာကွယ်နိုင်အောင် ရေးသားပြုစုထားတဲ့ မှတ်တမ်းမှတ်ရာ တခု ဖြစ်တယ်၊ အဲဒီအထဲမှာ လုံခြုံရေး ဆိုင်ရာ အမှုကိစ္စတွေ ဖြစ်ပျက်လာတဲ့အခါ အရေးယူ ဆောင်ရွက်နိုင်တဲ့ အချက်တွေ ပါဝင်တဲ့ စာရင်းတခု ပါရှိတယ်။
  • Security cable - လုံခြုံရေးအရ သော့ခတ်နိုင်တဲ့ ကေဘယ်ကြိုးတခု ဖြစ်ပြီး အိတ်ဆောင် ကွန်ပျူတာ (သို့) တခြား စက်ပစ္စည်း အစိတ်အပိုင်းတွေကို ပြင်ပ hard drive တွေ၊ အချို့ စားပွဲတင် ကွန်ပျူတာတွေနဲ့တကွ စက်ပစ္စည်းတွေကို ယူဆောင်သွားလို့ မရအောင် နံရံတခုခု (သို့) စားပွဲတခုခုမှာ လုံလုံခြုံခြုံ တွဲခတ်ထားနိုင်တယ်။
  • Server - အမြဲတမ်း ဖွင့်ထားတဲ့ ကွန်ပျူတာ ဖြစ်ပြီး ကွန်ရက် စာမျက်နှာ တခုကို ထိန်းသိမ်းတာ (သို့) တခြား ကွန်ပျူတာတွေဆီ အီးမေးလ် ပေးပို့တာ (သို့) အီးမေးလ် လက်ခံတာ စတဲ့ ဝန်ဆောင်မှုတွေကို ပံ့ပိုးပေးဖို့ အင်တာနက်နဲ့ အမြဲ ချိတ်ဆက်ထားတယ်။
  • SIM card - သေးငယ်ပြီး သီးခြား လက်ကိုင်ဖုန်း ကုမ္ပဏီက ပေးတဲ့ ဝန်ဆောင်မှုကို သုံးစွဲနိုင်ဖို့ လက်ကိုင်ဖုန်းထဲမှာ ထည့်သွင်း အသုံးပြုနိုင်တဲ့ ဖြုတ်တပ်လို့ ရတဲ့ ကဒ်လေးတခု ဖြစ်တယ်။ SIM ကဒ်တွေဟာ ဖုန်းနံပါတ်တွေ၊ သတင်းတို ပေးပို့ချက်တွေကိုလည်း သိမ်းဆည်းထားနိုင်တယ်။
  • Skype - အခမဲ့ Voice over IP (VoIP) ကိရိယာတခု ဖြစ်ပြီး တခြား Skype ကို အသုံးပြုတဲ့သူတွေနဲ့ အခမဲ့ စကားပြောနိုင်တယ်၊ တယ်လီဖုန်းတွေကိုလည်း အခကြေးငွေ ပေးပြီး စကားပြောဆိုနိုင်တယ်။ Skype ကို စီမံ ထိန်းသိမ်းတဲ့ ကုမ္ပဏီရဲ့ ကြော်ငြာချက်အရ တခြား Skype အသုံးပြုသူတွေရဲ့ စကားပြောဆိုချက်တွေကို စာဝှက် (encrypt) ပေးထားတယ်လို့ ဆိုပါတယ်။ သူဟာ ကုဒ်ပိတ်ထားတဲ့ ကိရိယာ တခု ဖြစ်တဲ့ အတွက် ဒီအဆို မှန် မမှန်ကိုတော့ သက်သေ မပြနိုင်ဘူး။ ဒါပေမဲ့ လူအများစုကတော့ ဒီအဆို မှန်ကန်နိုင်တယ်လို့ ဆိုကြတယ်။ Skype မှာလည်း စာတို ပေးပို့မှုစနစ်ကို ပံ့ပိုးထားတယ်။
  • Source code - ကွန်ပျူတာ ပရိုဂရမ် ရေးဆွဲသူတွေက ရေးသားထားတာ ဖြစ်ပြီး၊ ဆော့ဗ်ဝဲကို အလုပ်လုပ်စေတဲ့ ပင်မကုဒ် ဖြစ်တယ်။ သတ်မှတ်ထားတဲ့ ကိရိယာ တခုခုရဲ့ ပင်မ (source) ကုဒ်က သူ့ရဲ့ အလုပ်လုပ်ပုံတွေနဲ့ လုံခြုံမှုရှိ မရှိ (သို့) အန္တရာယ်ရှိ မရှိ စတာတွေကို ဖော်ပြပေးတယ်။
  • Spybot - ကွန်ပျူတာကို ထောက်လှမ်းနေတဲ့ ဆော့ဗ်ဝဲ spyware တွေကို စကင်ဖတ် စစ်ဆေးတာ၊ ဖယ်ရှားတာ၊ ကာကွယ်တာတွေ လုပ်ပေးတဲ့ အခမဲ့တဲ့ anti-malware ကိရိယာတခု ဖြစ်တယ်။
  • Steganography - အထိခိုက်မခံတဲ့ သတင်း အချက်အလက်တွေကို မလိုအပ်ပဲ အာရုံစူးစိုက်မှု မဖြစ်ပေါ်စေအောင် တခြား အယောင်ဆောင်ပြီး ပုံဖျက်ပေးတဲ့ နည်းလမ်းတမျိုးမျိုးကို ဆိုလိုတယ်။
  • Swap file - ကွန်ပျူတာထဲမှာ စွမ်းဆောင်ရည် တိုးမြှင့်ပေးဖို့ အခါအားလျော်စွာ သိမ်းဆည်းထားတဲ့၊ အရေးကြီးတဲ့ အချက်တွေလည်း ပါဝင်နိုင်တဲ့ ဖိုင်တခု ဖြစ်တယ်။
  • Thunderbird - Enigmail စာဝှက်စနစ် ဖြည့်စွက် ဆော့ဗ်ဝဲ အပါအဝင် လုံခြုံရေး အင်္ဂါရပ်တွေ အတော်များများ ပါရှိတဲ့ FOSS အီးမေးလ် ပရိုဂရမ်တခု ဖြစ်တယ်။
  • Tor - အင်တာနက် စီစစ်ဖြတ်တောက်မှုကို ပတ်ရှောင်နိုင်ပြီး ကြည့်ရှုနေတဲ့ ကွန်ရက် စာမျက်နှာတွေနဲ့ အင်တာနက် ဝန်ဆောင်မှုတွေကို အင်တာနက်လိုင်းကနေ စောင့်ကြည့်နေနိုင်တဲ့ တစုံတယောက်ကို သင် ရောက်ရှိနေတဲ့ နေရာနဲ့ ကြည့်ရှုတဲ့ ကွန်ရက် စာမျက်နှာတွေကိုပါ ပုံဖျက်ပေးပြီး ဝှက်ထားပေးနိုင်တဲ့ ကိရိယာ တမျိုး ဖြစ်တယ်။
  • TrueCrypt - အထိခိုက်မခံတဲ့ အချက်အလက်တွေကို လုံလုံခြုံခြုံ သိမ်းဆည်းပေးနိုင်တဲ့ FOSS ဖိုင် စာဝှက် ကိရိယာတခု ဖြစ်တယ်။
  • Undelete Plus - အမှတ်တမဲ့ ပယ်ဖျက်လိုက်တဲ့ သတင်း အချက်အလက်တွေကို ပြန်လည် ဆယ်တင်ပေးနိုင်တဲ့ အခမဲ့ ကိရိယာတခု ဖြစ်တယ်။
  • Uninterruptable Power Supply (UPS) - ဓါတ်အား ကုန်ခန်းတဲ့ အခြေအနေမျိုးမှာ အကြပ်အတည်း ဖြစ်နေတဲ့ ကွန်ပျူတာ စက်ပစ္စည်းကို ဆက်လက် အလုပ်လုပ်နိုင်အောင် (သို့) စနစ်တကျ စက်ပိတ်နိုင်အောင် ဆောင်ရွက်ပေးတဲ့ ပစ္စည်းကိရိယာ တခု ဖြစ်တယ်။
  • VautletSuite 2 Go - အခမဲ့ စာဝှက်ပေးတဲ့ အီးမေးလ် ပရိုဂရမ်တခု ဖြစ်တယ်။
  • Voice over IP (VoIP) - အင်တာနက်ကို အသုံးပြုပြီး တခြား VoIP သုံးစွဲသူတွေနဲ့ တယ်လီဖုန်းတွေကို အသံနဲ့ ဆက်သွယ် စကားပြောစေနိုင်တဲ့ နည်းပညာ ဖြစ်တယ်။
  • Whitelist - တချို့ ကွန်ရက်စာမျက်နှာတွေကို အလိုအလျောက် ပိတ်ဆို့ခံနေရတဲ့ အချိန်မှာ ကြည့်ရှုခွင့် ပြုပေးထားတဲ့ ကွန်ရက် စာမျက်နှာတွေ၊ အင်တာနက် ဝန်ဆောင်မှုပေးတဲ့ ဌာနတွေရဲ့ စာရင်းတခု ဖြစ်တယ်။
  • Wiping - အချက်အလက်တွေကို လုံလုံခြုံခြုံနဲ့ အမြဲတမ်း ပယ်ဖျက်ပေးနိုင်တဲ့ လုပ်ဆောင်မှု ဖြစ်တယ်။
  • Your-Freedom - သီးသန့် proxy တခု ကနေတဆင့် အင်တာနက် ချိတ်ဆက်ပြီး ပိတ်ပင် စစ်ထုတ်မှုကို ပတ်ရှောင်နိုင်တဲ့ အခမဲ့ ရှောင်တိမ်းရေး ကိရိယာ တခု ဖြစ်တယ်။ အကယ်လို့ Your-Freedom ကို ကောင်းကောင်း configure လုပ်ထားတယ် ဆိုရင် သင့်ရဲ့ connection ကို လုံလုံခြုံခြုံ ရှိစေဖို့ အဲဒီ proxies တွေက ဆက်သွယ်မှုလိုင်းကို စာဝှက်ပေးမှာ ဖြစ်တယ်။
  •  

Mouse မရှိသည့်အခါ ကီးဘုတ်နှင့်အသုံးပြုနည်း

       မိမိကွန်ပျူတာမှာ mouse ပျက်သွားလို့ဖြစ်ဖြစ် မရှိလို့ပဲဖြစ်ဖြစ် မောက်သုံးမှ ရမယ့် ကိစ္စတွေမှာ မောက်အခက်အခဲဖြစ်နေရင် အောက်ပါဆက်တင်အတိုင်း ပြောင်းပြီး ကီးဘုတ်က သက်ဆိုင်ရာခလုတ်တွေကနေ မောက်အဖြစ် သုံးလို့ ရပါတယ်။ အောက်ပါ အဆင့်လေးတွေအတိုင်း
လုပ်ကြည့်ပါ။၁။ Alt + Shift + Num Lock ( Alt ကီးရယ်၊ Shift ကီးရယ်၊ ညာဘက်ခြမ်းမှာ ရှိတဲ့ number lock ကီးရယ်ကို တပြိုင်နက် နှိပ်ပါ)၂။ Mouse Keyboard ဆိုတဲ့ box လေးပေါ်လာပြီဆိုရင်Settings ထဲသို့ဝင်ပါ။၃။ Use Mouse Key မှာ Check box On ပေးရပါမယ်။၎။ ပြီးရင် ဘေးက Settings ထဲ ထပ်ဝင်ပါ။၅။ Top Speed ကို high အထိဆွဲတင်ပါ။ Acceleration ကိုလည်း Fast အထိဆွဲတင်ပါ။၆။ ပြီးရင် Ok လို့ ပြောပါ။ ညာဘက်ထောင့်အောက်ခြေမှာ Mouse ပုံစံလေးပေါ်လာပြီဆိုရင် ရပါပြီ။ တကယ်လို့ အဲ့ဒီ Mouse ပုံစံလေးမှာ မျဉ်းနီလေးခတ်ထားပါက Number lock Key ကိုတစ်ချက်ထပ်နှိပ်ပြီး မျဉ်းနီလေးပျောက်သွားအောင် လုပ်နိုင်ပါတယ်။၇။ အခုဆိုရင် စပြီးတော့ Key Board ညာဘက်မှ နံပါတ် ကီးများဖြင့် Mouse Pointer လေးကို ရွှေ့နိုင်ပါပြီ။၈။ နံပါတ် 5 key ကတော့ mouse မှာပါတဲ့ click နှိပ်သလို အလုပ်လုပ်ပေးပါတယ်။၉။ Right Click လုပ်ချင်ရင်တော့ Key Board ညာဘက်ခြမ်းက( - )key ကိုနှိပ်ပေးရပါမယ်။ Left Key ပြန်ပြောင်းချင်ရင်( / )key ကိုနှိပ်ပေးရပါမယ်။Drug ဆွဲဖို.ဆိုရင်တော့( o )Key ကိုနှိပ်ပေးရပါမယ်။၁၀။ အဒီအချိန်မှာ နံပါတ်တွေ ရိုက်ချင်ရင်တော့ ကီးဘုတ်ရဲ့ ညာဘက်ခြမ်းက နံပါတ်ကီးတွေနဲ.အဆင်ပြေမှာမဟုတ်ပါဘူး။နဂို မူရင်းအတိုင်း ပြန်ထားချင်ရင်တော့ Alt + Shift + Num Lock ကို ပြန်နှိပ်ရုံပါပဲ။

Friday, December 21, 2012

My computer အတွင်းက Drive တွေကိုဖွင့်မရလျှင်


တစ်ခါတစ်လေ ကျွန်တော်တို့ရဲ့စက်မှာ ဗိုင်းရပ်စ်တွေဘာတွေ ၀င်သွားလို့ အဲဒီဗိုင်းရပ်စ်ကို သတ်ပြီးတာတောင် ဟိုဖိုင်ဖွင့်မရ ဒီဖိုင်ဖွင့်မရနဲ့ ဖြစ်ကျန်ခဲ့ပါတယ်၊ ဒီနည်းလေးကတော့ My computer အတွင်းက Drive တွေကို Double Click ပေးပြီးဖွင့်တိုင်း Open with ဆိုပြီးအောက်ကပုံအတိုင်း လာပေါ်နေတာကို ဖြေရှင်းနည်းလေးပါ၊















1. My computer > Tools > Folder options ထဲကိုသွားပြီး View tab အတွင်းက Show hidden files and folders ကို check ပေးပြီး OK နှိပ်ခဲ့ပါ၊
2. My computer အတွင်း Drive တစ်ခုခုအပေါ်မှာ Right click ပေး၍ Explore နှိပ်ပါ၊
3. အောက်ကပုံအတိုင်း Drive အတွင်းမှာ ဗိုင်းရပ်စ် ကြောင့်ကျန်နေခဲ့တဲ့ autorun.inf ဆိုတဲ့ ဖိုင်လေးကို 
Shift + Delete နှင့် ဖျက်ပြစ်ပြီး စက်ကို Restart ချပါ။

windows နှစ်ခုထပ်ပြီးတင်မိလျှင် Boot.ini ဖိုင်အား ပြန်ပြင်နည်း









ဒီပြဿနာကတော့ ကျွန်တော်တို့ ၀င်းဒိုးကို ၀င်လိုက်တာနှင့် အပေါ်ကပုံမှာ ပြထားတဲ့အတိုင်း 
Microsoft Windows XP Professional
Microsoft Windows XP Professional Setup
ဆိုပြီးပေါ်လာပါတယ် အဲဒီမှာ System တစ်ခုကို ရွေးပြီ Enter ခေါက်မှ ၀င်းဒိုး ၀င်လို့ရပါတယ်၊
ဒီလိုမျိုးဖြစ်တာ အများအားဖြင့် ၀င်းဒိုး နှစ်ခုထပ်ပြီးတင်မိတဲ့အခါဖြစ်တတ်ပြီး တခြားပြဿနာတွေ ကြောင့်လည်းဖြစ်တတ်ပါတယ်၊


ဖြေရှင်းနည်းကတော့ ..........
1.My computer ကို Right click ထောက်ပြီး Properties ကိုရွေးပါ၊
2.Advanced ကိုနှိပ်ပြီး Startup and Recovery အောက်က Settings ကိုနှိပ်ပါ၊
3.Startup and Recovery ပွင့်လာလျှင် System startup ကိုစစ်ဆေးကြည့်ပါ အဲဒီမှာ   စာကြောင်းနှစ်ကြောင်းဖြစ်နေပါလိမ့်မည်၊ ပုံမှန်အားဖြင့် တစ်ကြောင်းပဲရှိပါတယ်၊
  Edit ကိုနှိပ်ပါ(Boot.ini ဖိုင်ကိုပြင်ဆင်ရန်အတွက်)

















4.Boot.ini ဖိုင် Notepad နှင့်ပွင့်လာလျှင် အောက်ကပုံအတိုင်း အ၀ါရောင် စာကြောင်းကို copy ကူးပြီး    အစိမ်းရောင် စာကြောင်းမှာ အစားထိုးလိုက်ပါ ပြီးတော့ အနီရောင် စာကြောင်းကိုတော့ Delete    လုပ်လိုက်ပါ၊











5.အောက်ကပုံအတိုင်း ဖြစ်နေရပါမယ် ပြီးလျှင် အဲဒီ Notepad ကို Save လုပ်ပြီး ပိတ်လိုက်ပါ၊









6.Hidden ဖိုင်တွေကို ပြန်ဖော်ဖို့အတွက် My computer > Tools > Foldet Options > View   သို့သွားပြီး အောက်ကပုံမှာ ၀ိုင်းပြထားတဲ့ အနေထားအတိုင်းလုပ်ပါ၊

















7.My computer >Local   Disk (C:) ကိုဖွင့်ပါ၊ အဲဒီမှာ အောက်ကပုံမှာ အနီရောင်နှင့် ၀ိုင်းပြထားတဲ့   ဖိုင်တွေကိုရှာပြီး Delete လုပ်လိုက်ပါ ( တစ်ခါတလေ တစ်ချို့စက်တွေ အောက်က၀ိုင်းပြထားသလို   မဟုတ်ဘဲ Folder Name  တွေမတူတာမျိုးလည်း ရှိတတ်ပါတယ် )













အားလုံးပြီးရင်တော့ စက်ကို Restart လုပ်လိုက်ပါ။ (အဆင်ပြေကြပါစေ

Windows7 တွင် Themes ကိုပြောင်းမရအောင် ပိတ်ထားချင်သူများအတွက်


Start > Search box သို့သွား Registry ဟုရိုက်ပါ။
ပြီးလျှင်အောက်က key အတိုင်းသွားလိုက်ပါ၊
HKEY_CURRENT_USER \ Software \ Microsoft \ Windows \ CurrentVersion \ Policies \ Explorer
Explorer သို့ရောက်လျှင် ၄င်းရဲ့ညာဘက်တွင် Right click ထောက်၍ New > DWORD (32-bit) Value
ကိုရွေးပါ၊ Value name ကို NoThemesTab ဟုပေးပြီး Value data တန်ဖိုးကိုတော့ 1 ပေးပါ၊ OK နှိပ်ပြီး
စက်ကို Restart လုပ်ပါ။


How to Lock Microsoft Word 2010


Microsoft Word 2010 ကိုတခြားသူများ ပြန်ပြင်လို့မရအောင် Password ပေးပြီး သော့ခတ်တဲ့နည်းလေးပါ။

How to disable Autoplay in windows 7


Window 7 တွင် Autorun ဗိုင်းရပ်စ်များ  မ၀င်ရောက်ခင် ကာကွယ်ဖို့အတွက် Autoplay ကိုပိတ်တဲ့နည်းလေးပါ၊
နည်းလမ်း (၁)

Start > Control Panel > AutoPlay ကိုဖွင့်ပါ၊





Start > Control Panel > AutoPlay ကိုဖွင့်ပါ၊
ပြီးလျှင် Use AutoPlay for all media and devices တွင် အမှတ်ချက်လေးကို ဖြုတ်ပေး၍ Save ကိုနှိပ်ပါ။



နည်းလမ်း (၂)

Start > Search box > Gpedit.msc ဟုရိုက်ပြီး Enter ခေါက်ပါ၊
ပြီးလျှင် Computer Configuration -> Administrative Templates -> Windows Components -> AutoPlay Policies သို့သွားပြီး ညာဘက် အပေါ်က Turn off Autoplay ကို Double click နှိပ်ပါ၊




အဲဒီမှာ Enabled ကို ရွေးပေးပါ၊ နောက် Turn off Autoplay on ဆိုတဲ့ အောက်က All drives နှင့် CD-Rom and removable media drives တွင် All drives ကိုရွေးပေးပြီး Apply -> OK ကိုနှိပ်ပါ။

windows7 တွင်ပါလာသော Games များကို ဖျက်နည်း


windows7 တွင်ပါလာသောဂိမ်းများကို မလိုအပ်လို့ဖြစ်ဖြစ်
hard disk space များများပိုလာအောင်ဖြစ်ဖြစ် ဖျက်ချင်ရင်တော့
အောက်ပါနည်းအတိုင်းဖျက်ထုတ်နိုင်ပါတယ်.





Control Panel -> Programs and Features. ->သို့သွားပြီး ဘယ်ဘက်က 
Turn Windows features on or off ကိုနှိပ်ပါ

 

Games အရှေ့Check box အတွင်းက မှတ်ချက်လေးကို ဖြုတ်ပေးလိုက်ပါ၊



ခဏစောင့်ပြီးရင်ဂိမ်းဖိုဒါထဲက ဂိမ်းဖိုင်တွေအားလုံးကိုဖျက်ပေးပါလိ့မ်မယ်..( ပြီးပါပြီး)


Thursday, January 12, 2012

Firefox ကိုပိုပြီးမြန်ဆန်လာအောင်လုပ်ကြည့်၇အောင်

အခုနည်းလမ်းလေးကတော့လွယ်လဲလွယ်ပါတယ်။သိသိသာသာ
လဲမြန်လာတာကိုတွေ့ ၇ပါလိမ့်မယ်။အောက်မှာပြောပြထားတဲ့အတိုင်းလိုက်လုပ်ကြည့်လိုက်ကြ၇အောင်နော်.....
အ၇င်ဆုံးကျွန်တော်တို့အသုံးပြုနေတဲ့ Firefox ၇ဲ့ Address bar မှာ about:config  လို့၇ိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။
I'll be careful, I promise! ဆိုပြီးပေါ်လာပါလိမ့်မယ်။ အဲ့ဒီကောင်လေးကိုကလစ်ပေးလိုက်ပါ။ သူ၇ဲ့browserလေးပေါ်လာပါလိမ့်မယ်။ကီးဘုတ်မှ Ctrl + F ကိုနှိပ်လိုက်ပါ။အပေါ်မှာ Search box လေးပေါ်လာပါလိမ့်မယ်။အဲ့ဒီ Search Box လေးထဲမှာကျွန်တော်အောက်မှာ ပေးထားတာလေး တွေကိုထည့်ပြီး၇ှာလိုက်ယုံပါပဲ။

အ၇င်ဆုံး  network.http.pipelining  ကို၇ှာပါ။တွေ့ ပြီဆို၇င် Right Click နှိပ်လိုက်ပါ။ပြီး၇င် Toggle ဆိုတာကိုနှိပ်လိုက်ပါ။ Value တန်ဖိုး false မှ true သို့ပြောင်းသွားပါလိမ့်မယ်။
နောက်ထပ် network.http.proxy.pipelining ကိုထပ်၇ှာပါ။တွေ့ ပြီဆို၇င် Right Click နှိပ်လိုက်ပါ။ပြီး၇င် Toggle ဆိုတာကိုနှိပ်လိုက်ပါ။ Value တန်ဖိုး false မှ true သို့ပြောင်းသွားပါလိမ့်မယ်။
နောက်ထပ် network.http.pipelining.maxrequests ကိုထပ်၇ှာပါ။တွေ့ ပြီဆို၇င် Right Click နှိပ်လိုက်ပါ။ပြီး၇င် Modify ကိုနှိပ်လိုက်ပါ။ကျလာသော Box ထဲတွင် value တန်ဖိုးကို 30 သို့ပြောင်းလိုက်ပြီး OK နှိပ်လိုက်ပါ။
နောက်ဆုံးအဆင့်အနေဖြင့်မိမိကြိုက်နှစ်သက်သောနေ၇ာတွင် Right Click နှိပ်လိုက်ပါ။ပြီးလျှင် New ထဲမှ Integer ကိုနှိပ်လိုက်ပါ။ ကျလာသောဘောက်ထဲတွင် nglayout.initialpaint.delay လို့၇ိုက်ထည့်ပြီး OK  ကိုနှိပ်လိုက်ပါ။ နောက်ထပ်ကျလာသောဘောက်ထဲတွင် Value တန်ဖိုးကို 0 ထားပြီး OK ကိုနှိပ်လိုက်ပါ။အားလုံးပြီးပါပြီ။ဒါဆို၇င်မိမိတို့၇ဲ့ Firefox browse ဟာအ၇င်ကထက်သိသိသာသာမြန်လာတာကိုတွေ့ ၇ပါလိမ့်မယ်။
အားလုံးပဲအဆင်ပြေကြပါစေ.......ကျေးဇူးတင်ပါတယ်ခင်ဗျာ...