Monday, December 31, 2012
GTALK မှာအကောက်များများ တပြိုင်တည်း ဖွင့်သုံးဖို့
အချို့သောသူတွေ gmail account နှစ်ခု သုံးခု ရှိတက်ကြပါတယ်။ ရှိထားတဲ့အလျောက် ရှိသလောက် ကိုလည်း တစ်ချိန်တည်းမှာ ဖွင့်လိုကြပါတယ်။ ဒါပေမယ့် ကွန်ပြူတာ အသစ်မှန်ရင် အဲ့လိုလုပ်တာကို လက်မခံပါဘူး။ လုပ်လို့မရပါဘူး။ သိပြီးတဲ့ လူတွေလည်းရှိမယ်။ မသိသေးသူတွေလည်း ရှိပါမယ်။ အောက်ပါပုံကို ကြည့်ပါ။ တစ်ချိန်တည်းမှာ Gtalk တွေအများကြီး
ဖွင့်ထားပါတယ်။
အဲလိုလုပ်ချင်ရင် ငှက်ပျောသီး အခွံနွာရသလိုပါပဲ။ လွယ်မှလွယ်။ အောက်ပါအတိုင်း လုပ်ဆောင်ပါ။
1. Gtalk Shortcut ကို right-click ပါ။
2. အောက်ဆုံးက Properties ဆိုတာကို left-click ပါ။ အဲမှာ right-click လုပ်ခဲ့တဲ့ Gtalk shortcut ရဲ့ properties ကိုပြတဲ့ box တစ်ခု ပေါ်လာပါလိမ့်မယ်။
3. အဲ့မှာ “Target:” ဆိုတာရဲ့ ညာဘက်က အကွက်လေးထဲမှာ "C:\Program Files\Google\Google Talk\googletalk.exe" အနောက်မှာ
အောက်ကစာလေးကိုကူးထည့် ပေးလိုက်ပါ
/nomutex
မှက်ချက်
C:\Program Files\Google\Google Talk\googletalk.exe နဲ့  /nomutex
ကြားမှာ Space Bar တစ်ချက်ခြားပြီးရေးပါရန်
4. Apply လုပ်ပြီး OK ပေါ့...
5. ဒါပါပဲ...ပြီးသွားပါပြီ...
ပြီးရင်Gtalk တစ်ခုဖွင့်ပြီး နောက်တစ်ခု ဖွင့်လို့ ရမရ စမ်းကြည့်ပေါ့တစ်ခြားနည်းတွေလည်း ရှိပါတယ်။ ဒါက ကျွန်တော် သိသလောက်ထဲက အလွယ်ဆုံး နည်းပါပဲ။
အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ
Labels:
gmail gtalk ဆိုင်ရာ
Subscribe to:
Post Comments (Atom)




0 comments:
Post a Comment