Pages

Subscribe:

Ads 468x60px

Zawlin It World

Total Pageviews

Thursday, January 24, 2013

ဘလော့မှာ Locked ကျနေတဲ့ Gadget တွေကို ဖြေရအောင်


မင်္ဂလာပါမိတ်ဆွေမိတ်များခင်ဗျာ!!! ဒီနေ့ ကျနော်ဆွေးနွေးပေးမယ့်အကြောင်းလေးကတော့ blog template တွေ ရဲ့ header မှာ မိမိတို့ ကြိုက်နှစ်သက်တဲ့ပုံထည့်နည်းနှင့် တချို့ template တွေမှာ ဖျောက်ဖျက်လို့ မရတဲ့ header Add a Gadget ကိုဖျောက်တဲ့နည်းလမ်းတွေဖြစ်ပါတယ်. ဘာကြောင့် ဒီ header Add a Gadget ကိုပယ်ချင်ရတဲ့ အကြောင်းကတော့ မိမိတို့  header မှာထည့်လိုက်တဲ့ပုံပေါ်မှာ ဒီ header မှာရေးထားတဲ့စာတမ်း ( သို့ ) ပုံတွေက ပါနေတော့ header ပေါ်မှာ ပုံက နှစ်ပုံ ( သို့ ) ပုံပေါ်မှာ စာတမ်းတွေပါနေတဲ့ အတွက်ဖြစ်ပါတယ်.အောက်မှာ ကျနော် ပုံလေးတွေနဲ့ ရှင်းပြပေးပါမယ်...
မူလ template မှာပယ်လို့ မရတဲ့ပုံ



အပေါ်ကပုံကိုကြည့်လိုက်ပါ Blog Title မှာရှိနေတဲ့ခေါင်းစဉ်ကို ဖျောက်ဖို့  အောက်မှာ ဝိုင်းထားတဲ့ REMOVE
ရှိမှဖြစ်တဲ့အတွက် ဒီ REMOVE ဖြစ်လာအောင်ပြုလုပ်တဲ့နည်းလေးပါ.

step| 1 | မိမိဘလော့ကိုဝင်ပြီး အောက်ကပုံလေးအတိုင်း သွားလိုက်ပါ။


step| 2 | ပြီးရင် အောက်မှာဖေါ်ပြထားတဲ့ကုဒ်တွေကို Ctrl + F အကူအညီနဲ့ ရှာလိုက်ပါ။

<div id='header-wrapper'>
<b:section class='header' id='header' maxwidgets='' showaddelement='yes'>
<b:widget id='Header1' locked='true' title='Blogger Tips and Tricks (Header)' type='Header'/>


step |3 | ရှာလို့ တွေ့ တဲ့ထဲက မှ " true " ကိုရှာပြီး " false " ဆိုပြောင်းလိုက်ပြီး SAVE TEMPLATE ကို click ပေးလိုက်ပါ။

step |4 | ပြီးရင် Page Elements ကိုသွားပြီး မိမိတို့ ပယ်ချင်တဲ့ header Add a Gadget ကိုဖွင့်လိုက်ရင် အောက်ပါပုံလေးအတိုင်း REMOVE ဆိုတဲ့ စာတမ်းလေးရောက်ရှိလာပါလိမ့်မယ် .
ပြုပြင်ထားပြီးဖြစ်လာတဲ့ပုံ



အဲဒီမှာမိမိတို့ ဖျတ်ချင်ရင် REMOVE / SAVE ဆိုရင် ပျောက်သွားပါလိမ့်မယ်.ဒါက REMOVE ထည့်သွင်းပြီး တဲ့အပိုင်းပါ။
အပေါ်ကိစ္စတွေအဆင်ပြေသွားပြီဆိုရင် အောက်မှာ ဆက်သွားပါမယ်...

step| 1 | အောက်ကပုံလေးအတိုင်းသွားလိုက်ပါ...



step | 2 | Ctrl + F နဲ့ အောက်ကကုဒ်တွေကိုရှာလိုက်ပါ...

#header-wrapper{width:950px;margin:0px auto 0px;height:110px;padding:0px 0px;overflow:hidden;}


step | 3 | တွေ့ ပြီဆိုရင် width:950px;margin:0px auto 0px;height:110px;padding:0px 0px;overflow:hidden နေရာမှာ အောက်ကကုဒ်တွေနဲ့ အစားထိုးပေးလိုက်ပါ.

background:url(မိမိတို့ ပုံရဲ့ လင့်ထည့်ပေးလိုက်ပါ) no-repeat;
height:250px;
width:990px;
margin-left:-10px;
margin-top:-16px;
border:0px solid $bordercolor


မှတ်ချက်။ ။ height:250px; width:990px; တွေမှာ မိမိတို့ စိတ်ကြိုက်ပြောင်းပြီး အသုံးပြုမည့်ပုံအရွယ်အစားလဲ ထပ်တူဖြစ်နေမယ် ဆိုရင်ပိုကောင်းပါတယ်.
ဒီမှာပြထားတာ Header တစ်ခုတည်းဆိုပေမယ့် Edit Html ထဲက locked ကျနေတဲ့ ဘယ်ဟာမဆို True ကို False ပြောင်းပေးလိုက်ရင် မလိုတာတွေ ဖြုတ်ပစ်လို့ရပါလိမ့်မယ် စိတ်ကြိုက်လုပ်ဆောင်နိုင်ပါတယ်
ကိုနေမင်းခောတ်ဘလော့ကို ဖြည့်စွက်တင်ပြပါသည်
အာကာဖြိုး
မူရင်းရေးသားသူ အာကာဖြိုး

0 comments:

Post a Comment